Please, fill all data.

myanmar09
myanmar09

အကျိုးခံစားခွင့်များနှင့် စည်းကမ်းချက်များ

(၁) အာမခံထားသူ၏အကျိုးခံစားခွင့်များ

ခရီးစဉ်အစမှ အဆုံးထိ အာမခံလက်မှတ်ဝယ်ယူထားသည့် ခရီးသည်များသည် စီးနင်းလိုက်ပါသည့် ယာဉ်ကြောင့် ဖြစ် စေ၊ အာမခံထားသူ၏ မတော်တဆဖြစ်ရပ်များကြောင့်ဖြစ်စေ၊ အသက်ဆုံးရှုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းများအတွက် အကျိုးခံစားခွင့်များကို ရရှိခံစားရမည် ဖြစ်ပါသည်။

(က) အသက်ဆုံးရှုံးလျှင်

အသက်ဆုံးရှုံးလျှင် အာမခံထားငွေ ကျပ်(၁၀,၀၀၀,၀၀၀)ကို အကျိုးခံစားခွင့်ရှိသူထံသို့ ထုတ်ပေးသွားမည် ဖြစ်ပါသည်။

(ခ) ထာဝစဉ်မသန်စွမ်းဖြစ်လျှင်

အာမခံထားသူသည် အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်မှုကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် အာမခံထား ငွေ ကျပ်(၁၀,၀၀၀,၀၀၀)ကို ထုတ်ပေးသွားမည် ဖြစ်ပါသည်။ ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း ဆိုသည်မှာ -

  • မျက်စိနှစ်ဖက်လုံးကွယ်ခြင်း၊
  • လက်ကောက်ဝတ်အထက်ပိုင်းမှလက်နှစ်ဖက်ပြတ်ခြင်း(သို့မဟုတ်)လုံးဝအသုံးပြု ၍ မရခြင်း၊
  • ခြေကျင်းဝတ်အထက်ပိုင်းမှခြေထောက်နှစ်ဖက်ပြတ်ခြင်း(သို့မဟုတ်)လုံးဝအသုံးပြု၍မရခြင်း၊
  • မျက်စိတစ်ဖက်လုံးဝကွယ်ခြင်းနှင့်ခြေထောက်/လက်တစ်ဖက်ပြတ်ခြင်း(သို့မဟုတ်) ခြေကျင်းဝတ်အထက်ပိုင်း(သို့မဟုတ်) လက်ကောက်ဝတ်အထက်ပိုင်းမှပြတ်ခြင်း၊

ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်ရရှိရန်ထာဝစဉ်မသန်စွမ်းဖြစ်မှုသည် အနည်းဆုံးရက်ပေါင်း၉၀(ကိုးဆယ်) ဆက်တိုက် ရှိရမည်ဖြစ်ပြီး အသက်အာမခံထားသူကို ကုသပေးခဲ့သည့် ဆရာဝန်မှ ထုတ်ပေးသော ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ထောက်ခံ ချက်ကို ပူးတွဲတင်ပြရန် လိုအပ်သည်။

(ဂ) မတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရလျှင်

အာမခံထားသူသည် အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်မှုကြောင့် ဆေးကုသသည့် ဆရာဝန်၏ ထောက်ခံ ချက်ဖြင့် ထိခိုက်ဒဏ်ရာရရှိမှုပေါ်တွင်မူတည်၍ အကျိုးခံစားခွင့်ကို ထုတ်ပေးသွားမည် ဖြစ်ပါသည်။

(ဃ) မတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရ၍ ဆေးရုံတက်ရောက်ကုသရလျှင်

အာမခံထားသူသည် အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ရောက်ကုသရပါက ရက်သတ္တ ပတ်လျှင် ကျပ်(၈၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း ရက်သတ္တပတ်(၅၂)ပတ်အထိ အကျိုးခံစားခွင့်ကို ထုတ်ပေးသွားမည် ဖြစ်ပါသည်။

(င) မတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရ၍ ဆေးကုသမှုခံပြီးနောက်အလုပ်အကိုင်မလုပ်နိုင်လျှင်

အာမခံထားသူသည် အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူ ပြီးနောက် ယင်းဒဏ်ရာကြောင့် အလုပ်အကိုင် အပြည့်အဝမလုပ်ကိုင်နိုင်လျှင် ရက်သတ္တပတ်လျှင် ကျပ်(၈၀,၀၀၀)နှုန်း ဖြင့် စုစုပေါင်း ရက် သတ္တပတ်(၅၂)ပတ် အထိ အကျိုးခံစား ခွင့်ကို ထုတ်ပေးသွားမည် ဖြစ်ပါသည်။

****

အကျိုးခံစားခွင့်စုစုပေါင်းသည် အာမခံထားငွေကျပ်(၁၀,၀၀၀,၀၀၀)ထက် မကျော်လွန်ရပါ။

(၂) လျော်ကြေးပေးရန် အကျုုံးမဝင်သည့်အချက်များ

  1. (က) ရှိရင်းစွဲကိုယ်အင်္ဂါချို့တဲ့မှုနှင့် ရှိရင်းစွဲရောဂါဘယများကြောင့် ဖြစ်ပွားခြင်း။
  2. (ခ) မိမိကိုယ်ကို မိမိသေကြောင်းကြံစည်ခြင်း။
  3. (ဂ) တမင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ် ထိခိုက်ဒဏ်ရာရရှိစေခြင်း။
  4. (ဃ) ယာဉ်ထိခိုက်မှုနှင့် ဆက်စပ်မှုမရှိသော မီးဖွားခြင်း၊ ကိုယ်ဝန်ပျက်ခြင်းများ။
  5. (င) ရာဇဝတ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဥပဒေချိုးဖောက်ခြင်း။
  6. (စ) မူးယစ်ဆေးဝါးသုံးစွဲခြင်း။
  7. (ဆ) စစ်၊သပိတ်မှောက်ခြင်း၊အဓိကရုဏ်းဖြစ်ခြင်း၊ပြည်တွင်းစစ်အကြမ်းဖက်ဖျက်စီးခြင်းနှင့်ပြည်တွင်း ငြိမ်မသက်ဖြစ်ခြင်း။
  8. (ဇ) အထက်(င)၊(စ)နှင့် (ဆ)ပါ အကြောင်းအရာများနှင့် ယင်းတို့၏အကျိုးဆက်များကြောင့် ဖြစ်ပေါ်သည့် သေဆုံးခြင်း၊ ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်း၊ ထိခိုက်၍ဒဏ်ရာရရှိခြင်းများ။

(၃) အကျိုးခံစားခွင့်တောင်းခံရန် လိုအပ်သောအချက်အလက်များ

  1. (၃.၁) အသက်ဆုံးရှုံးလျှင်
    1. (က) ဆေးကုသသည့် ဆေးရုံ၏ ဆရာဝန်ထောက်ခံချက်
    2. (ခ) ဖြစ်ပွားရာဒေသမှ ရဲတပ်ဖွဲ့ထောက်ခံချက်
    3. (ဂ) အာမခံထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူမှန်
    4. (ဃ) အာမခံထားသူသည် အသက်(၁၈)နှစ်မပြည့်ပါက အကျိုးခံစားခွင့်တောင်းခံသူ၏ နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူမှန်
    5. (င) ခရီးသွားအာမခံထားရှိကြောင်း အထောက်အထား
    6. (စ) အကျိုးခံစားခွင့်ရှိသူသည် မိသားစု ဆွေမျိုးဖြစ်ကြောင်း နေထိုင်ရာအရပ်ဒေသမှ အာဏာပိုင်အဖွဲ့အစည်း ထောက်ခံချက်
  2. (၃.၂) ထာဝစဉ်မသန်စွမ်းဖြစ်လျှင်

  3. (၃.၃) မတော်တဆထိခိုက်ဒဏ်ရာရရှိလျှင်
    1. (က) ဆေးကုသသည့် ဆေးရုံ၏ ဆရာဝန်ထောက်ခံချက်
    2. (ခ) ဖြစ်ပွားရာဒေသမှ ရဲတပ်ဖွဲ့ထောက်ခံချက်
    3. (ဂ) အာမခံထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူမှန်
    4. (ဃ) အာမခံထားသူသည် အသက်(၁၈)နှစ်မပြည့်ပါက အကျိုးခံစားခွင့်တောင်းခံသူ၏ နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူမှန်
    5. (င) ခရီးသွားအာမခံထားရှိကြောင်း အထောက်အထား
  4. (၃.၄) ဆေးရုံတက်/ဆေးကုသမှုခံယူလျှင်
    1. (က) ဆေးကုသသည့် ဆေးရုံ၏ ဆရာဝန်ထောက်ခံချက်
    2. (ခ) ဖြစ်ပွားရာဒေသမှ ရဲတပ်ဖွဲ့ထောက်ခံချက်
    3. (ဂ) အာမခံထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူမှန်
    4. (ဃ) အာမခံထားသူသည် အသက်(၁၈)နှစ်မပြည့်ပါက အကျိုးခံစားခွင့်တောင်းခံသူ၏ နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူနှင့် အိမ်ထောင်စုစာရင်းမိတ္တူမှန်
    5. (င) ခရီးသွားအာမခံထားရှိကြောင်း အထောက်အထား

မှတ်ချက်။ ။ ထိခိုက်မှုဖြစ်ပွားသည့်နေမှစ၍ (၇)ရက်အတွင်း GGI Nippon Life အသက်အာမခံ(ဖုန်း-၀၉ ၈၈၃ ၀၀၂၂၇၁ )သို့ ဆက်သွယ် အကြောင်းကြားရန် လိုအပ်ပါသည်။ သေဆုံးမှုအတွက်အကျိုးခံစားခွင့်ကို ဖြစ်ပွားသည့်နေ့မှ (၁)နှစ်အတွင်း၊ ဒဏ်ရာ ရရှိမှုအတွက် အကျိုးခံစားခွင့်ကို ဖြစ်ပွားသည့်နေ့မှ (၂)နှစ်အတွင်း တောင်းခံရန် လိုအပ်ပါသည်။

အာမခံအစီအစဉ်အသေးစိတ်

တစ်ဦးချင်းရရှိမည့် အမြင့်ဆုံးအကာအကွယ်:

၁၀,၀၀၀,၀၀၀ (MMK)

အောက်ပါ ငွေပေးချေမှု အမျိုးအစားများဖြင့် ဝယ်ယူနိုင်ပါသည်။