Asia Sailing Travel & Tours
ဆက်သွယ်ရန်
Please, fill all data.
ခရီးစဉ်အစမှ အဆုံးထိ အာမခံလက်မှတ်ဝယ်ယူထားသည့် ခရီးသည်များသည် စီးနင်းလိုက်ပါသည့် ယာဉ်ကြောင့် ဖြစ် စေ၊ အာမခံထားသူ၏ မတော်တဆဖြစ်ရပ်များကြောင့်ဖြစ်စေ၊ အသက်ဆုံးရှုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းများအတွက် အကျိုးခံစားခွင့်များကို ရရှိခံစားရမည် ဖြစ်ပါသည်။
အသက်ဆုံးရှုံးလျှင် အာမခံထားငွေ ကျပ်(၁၀,၀၀၀,၀၀၀)ကို အကျိုးခံစားခွင့်ရှိသူထံသို့ ထုတ်ပေးသွားမည် ဖြစ်ပါသည်။
အာမခံထားသူသည် အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်မှုကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် အာမခံထား ငွေ ကျပ်(၁၀,၀၀၀,၀၀၀)ကို ထုတ်ပေးသွားမည် ဖြစ်ပါသည်။ ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း ဆိုသည်မှာ -
ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်ရရှိရန်ထာဝစဉ်မသန်စွမ်းဖြစ်မှုသည် အနည်းဆုံးရက်ပေါင်း၉၀(ကိုးဆယ်) ဆက်တိုက် ရှိရမည်ဖြစ်ပြီး အသက်အာမခံထားသူကို ကုသပေးခဲ့သည့် ဆရာဝန်မှ ထုတ်ပေးသော ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ထောက်ခံ ချက်ကို ပူးတွဲတင်ပြရန် လိုအပ်သည်။
အာမခံထားသူသည် အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်မှုကြောင့် ဆေးကုသသည့် ဆရာဝန်၏ ထောက်ခံ ချက်ဖြင့် ထိခိုက်ဒဏ်ရာရရှိမှုပေါ်တွင်မူတည်၍ အကျိုးခံစားခွင့်ကို ထုတ်ပေးသွားမည် ဖြစ်ပါသည်။
အာမခံထားသူသည် အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ရောက်ကုသရပါက ရက်သတ္တ ပတ်လျှင် ကျပ်(၈၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း ရက်သတ္တပတ်(၅၂)ပတ်အထိ အကျိုးခံစားခွင့်ကို ထုတ်ပေးသွားမည် ဖြစ်ပါသည်။
အာမခံထားသူသည် အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်မှုကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူ ပြီးနောက် ယင်းဒဏ်ရာကြောင့် အလုပ်အကိုင် အပြည့်အဝမလုပ်ကိုင်နိုင်လျှင် ရက်သတ္တပတ်လျှင် ကျပ်(၈၀,၀၀၀)နှုန်း ဖြင့် စုစုပေါင်း ရက် သတ္တပတ်(၅၂)ပတ် အထိ အကျိုးခံစား ခွင့်ကို ထုတ်ပေးသွားမည် ဖြစ်ပါသည်။
မှတ်ချက်။ ။ ထိခိုက်မှုဖြစ်ပွားသည့်နေမှစ၍ (၇)ရက်အတွင်း GGI Nippon Life အသက်အာမခံ(ဖုန်း - ၀၉ ၂၅၅ ၁၁၂ ၈၅၀၊ ၀၉ ၂၅၅ ၁၁၂ ၈၅၁)သို့ ဆက်သွယ် အကြောင်းကြားရန် လိုအပ်ပါသည်။ သေဆုံးမှုအတွက်အကျိုးခံစားခွင့်ကို ဖြစ်ပွားသည့်နေ့မှ (၁)နှစ်အတွင်း၊ ဒဏ်ရာ ရရှိမှုအတွက် အကျိုးခံစားခွင့်ကို ဖြစ်ပွားသည့်နေ့မှ (၂)နှစ်အတွင်း တောင်းခံရန် လိုအပ်ပါသည်။
အာမခံအစီအစဉ်အသေးစိတ်
တစ်ဦးချင်းရရှိမည့် အမြင့်ဆုံးအကာအကွယ်:
၁၀,၀၀၀,၀၀၀ (MMK)
အောက်ပါ ငွေပေးချေမှု အမျိုးအစားများဖြင့် ဝယ်ယူနိုင်ပါသည်။